TSK

TSK · ဓမ္မရာဇဝင်ဒုတိယစောင်။ 21:10

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။

ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။

အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။

ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊

¶ ထိုနောက် မှဧလိယ က၊ မင်းကြီးသည် စား သောက် ခြင်းငှါတက်သွား ပါလော့။ များစွာ သော မိုဃ်း ရွာမည့်အသံ ရှိသည်ဟု အာဟပ် အား ပြောဆို လျှင်၊

အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။

သင် နှင့် သင် ၌ပါသောတပ်သား အပေါင်း တို့ သည် ဣသရေလ တောင် တို့အပေါ်မှာ လဲ ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုး သော ငှက်ရဲ ၊ သားရဲ တို့ကိုက်စား စရာဘို့ ငါအပ် မည်။

တိရစ္ဆာန် တို့သည် အလွန်မြည်တမ်း ကြ၏။ နွား စု တို့သည် ကျက်စား ရာအရပ်မ ရှိသောကြောင့် ပင်ပန်း ကြ ၏။ သိုး စု တို့သည်လည်း သေ ကြ၏။

¶ နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။