သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် ၍ အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 13:40
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
¶ မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
အစအဦး ၌ သခင် ဘုရားဟော တော်မူ၍ ဒေသနာစကားတော်ကို ကြား ရသောသူ တို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါ တို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာ သော ကယ်တင် တော်မူခြင်းတရားကို ငါ တို့သည် နား မထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ် ကြလိမ့်မည်နည်း
သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း