TSK

TSK · တမန်တော်ဝတ္ထု။ 13:52

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဝမ်းမြောက် ရွှင်မြူး ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သင် တို့ရှေ့ ကပေါ်ထွန်းသော ပရောဖက် တို့ကို ထိုနည်းတူ ညှဉ်းဆဲ ကြပြီ။

ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။

ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။

တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။

ဘုရားသခင် ၏ နိုင်ငံ တော်သည် အစား အသောက် ၌ မ တည် ။ ဖြောင့်မတ် ခြင်း၊ ငြိမ်သက် ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် ခံရသော ဝမ်းမြောက် ခြင်း၌ တည်၏။

ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။

လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။

ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊

သင်တို့သည် ခရစ်တော် ၏ဆင်းရဲ ကိုဆက်ဆံ ကြသည်ဖြစ်၍ ၊ ဘုန်း တော်ပေါ်ထွန်း သောအခါအလွန်ဝမ်းမြောက် ရွှင်လန်း မည်အကြောင်း ၊ ယခုပင်ဝမ်းမြောက် ကြလော့။