TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:8

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။

ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။

ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။

တပည့် တော်တို့သည် ကြား ရလျှင် ၊ ပြပ်ဝပ် ၍ အလွန် ကြောက်လန့် ခြင်းရှိကြ၏။

သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။

ငါခံရသောဗျာဒိတ် တော် အလွန် ထူးမြတ်၍ ငါသည်ထောင်လွှား သောစိတ်မ ရှိစေခြင်းငှာ ၊ ငါ့ ကို ဒဏ်ခတ် သော စာတန် ၏တမန် တည်းဟူသောငါ့ ကိုယ် ၌ စူးသော ဆူးကို ပေး တော်မူ၏။