ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:32
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။
ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။
ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။
¶ ငါ့ သား ၊ သင် သည် ယေရှု ခရစ် ၌ ရှိသော ကျေးဇူး တော်အားဖြင့် ခိုင်ခံ့ ခြင်းရှိလော့။
ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။
ထိုသူ တို့၌ဖြူ သောဝတ်လုံ ကို ပေး တော်မူ၏။ သူ တို့နည်းတူ အသေ သတ်ခြင်းကိုခံရလတံ့ သော မိမိ လုပ်ဘော် ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံ ခြင်းသို့မ ရောက်မှီ၊ ခဏ ငြိမ်သက် စွာ နေရကြဦး မည်ဟု သူ တို့အားမိန့် တော်မူ၏။
ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။