TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:33

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။

လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍ စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ တရားသောသူတို့ သည် မ တရားသဖြင့် ပြု၍ တယောက် မျှ နား မ လည်ရ။ ပညာ ရှိသောသူတို့ မူကား ၊ နားလည် ကြ လိမ့်မည်။

ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် ၌ လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။

ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊

¶ ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။

ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။

လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။

ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။

ထို မြို့ ၌ ဧဝံဂေလိ တရားကို ဟောပြော၍ လူများ တို့ကို တပည့် တော်ဖြစ်စေပြီးမှ ၊ လုတ္တရ မြို့၊ ဣကောနိ မြို့၊ အန္တိအုတ် မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန် ကြ၏။

ထို အကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက် ခြင်းမ ရှိ။ အဘယ်သူ ကိုငါယုံကြည် သည်ဟု ငါသိ ၏။ သူ၌ငါအပ် ထားသောအရာကိုလည်း၊ ထို နေ့ရက် တိုင်အောင်စောင့် နိုင် တော်မူသည်ဟု ငါသဘောကျ ၏။

အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏

သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။

ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။

နဖူး ၌ အက္ခရာတင် သော ဘွဲ့ မူကား၊ နက်နဲ သော အရာ၊ ဗာဗုလုန် မြို့ကြီး ၊ ပြည်တန်ဆာ တို့၏ အမိ ၊ မြေ ၌ စက်ဆုပ် ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။