TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:25

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။

နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။

အကယ် စင်စစ်မုဆိုး ၏ ကျော့ကွင်း နှင့် ၎င်း၊ သေ တတ်သောအနာ နှင့်၎င်း ၊ သင့် ကို ကင်းလွတ် စေတော်မူမည်။

သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။

နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။

ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။