TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 5:20

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။

ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊

သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏

ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။

သင် ၏အမျက် အရှိန်ကို လွှတ် လော့။ မာန ထောင်လွှားသောသူအပေါင်း တို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့။

မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။

¶ အိုဗာဗုလုန် သတို့သမီး ကညာ ၊ ဆင်း ၍ မြေမှုန့် ၌ထိုင် လော့။ အိုခါလဒဲ သတို့သမီး ၊ ရာဇ ပလ္လင်မ ရှိဘဲ မြေ ပေါ် မှာ ထိုင် လော့။ သင့် ကို နူးညံ့ သိမ်မွေ့ သောသူ ဟူ၍နောက် တဖန်မ ခေါ် ရ။

ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့ စကား ကို နား မ ထောင်ခြင်းငှါ၊ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသောကြောင့် ၊ ငါခြိမ်း သမျှသော ဘေးဒဏ် တို့ကို၊ ဤ မြို့ ရွာ ရှိသမျှ တို့အပေါ် မှာ သက်ရောက် စေမည်ဟူသောအမိန့် တော်ကို လူ အပေါင်း တို့အား ဆင့်ဆို လေ၏။

အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။

ဤ မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး မ ဟုတ်လောဟု မြွက်ဆို ၏။

လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။

ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့