အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:11
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။
အကြောင်းမူကား ၊ မှားယွင်း ခြင်း၌ ကျင်လည် သော သူ တို့အထဲက ပြေးထွက် လု သောသူ တို့ကို၊ ထောင်လွှား သော အချည်းနှီးစကား ပြော သည်နှင့်၊ ဇာတိ ပကတိ တပ်မက် ခြင်း၊ ကိလေသာ လွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင် တတ်ကြ၏။
ထိုသားရဲ ၌ အာဏာစက် ကို အပ်ပေး သော နဂါး ကို ကိုးကွယ် ကြ၏။ သားရဲ ကိုလည်း ကိုးကွယ် ၍၊ အဘယ်သူ သည် သားရဲ နှင့်တူ သနည်း။ အဘယ်သူ သည်သူ့ ကိုစစ် ပြိုင်နိုင် သနည်းဟု ပြောဆို ကြ၏။
သားရဲ ၏တံဆိပ် လက်မှတ်ကိုခံ ၍၊ သူ ၏ရုပ်တု ကိုကိုးကွယ် သောသူ တို့ကို လှည့်ဖြား ၍ သားရဲ ရှေ့ ၌ နိမိတ် များကို ပြ တတ်သော မိစ္ဆာ ပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင် လျက်ရှိသောထိုသူနှစ်ဦးကို ကန့် နှင့် လောင် သော မီး အိုင် ထဲသို့ ပစ်ချ ကြ၏။
သူ တို့ကိုလှည့်ဖြား သောမာရ်နတ် ကိုလည်း ၊ သားရဲ နှင့် မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့် နှင့် ရောနှောသော မီး အိုင် ထဲသို့ ချပစ် လျှင်၊ သူတို့သည် နေ့ ညဉ့် မပြတ် ကမ္ဘာ အဆက်ဆက်ပြင်းစွာ သောဝေဒနာကို ခံရကြ လတံ့။