ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
TSK
TSK · ကမ္ဘာဦးကျမ်း 3:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။
ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ၊ ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ မ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ၊
သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။
မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။