TSK

TSK · ကမ္ဘာဦးကျမ်း 39:7

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။

¶ ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။

အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့်ချော့မော့ တတ် သော ပြည်တန်ဆာ မိန်းမ၊

အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။

ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ ၍ တွေ့ ပြီ။

သင် သည် မြင့် သောအရပ်ကို လမ်း ဦး တိုင်း လုပ် ၍ ၊ ကိုယ် လှ သော အဆင်းကိုရွံ့ရှာဘွယ် ဖြစ်သည် တိုင်အောင်ပြုလျက်၊ ခရီးသွား သောသူအပေါင်း တို့အား ပေါင် တို့ကို ခွါ ဖွင့်၍ ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေ၏။

သို့ဖြစ်၍ ၊ သင် သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနား စွာ ပြု တတ်၏။ သင်ပြုသကဲ့သို့အဘယ်သူမျှမတရားသောမေထုန် ကို မပြုတတ်။ သင်သည် အခကို မခံ၊ သူတပါးတို့အားပေးသောကြောင့်အခြားသော မိန်းမတို့နှင့် ခြားနား ၏။

တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။

သူတို့သည်သူ့ မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံ သော မျက်စိ ရှိ ၍၊ ဒုစရိုက် ကို မပြုဘဲ မ နေနိုင်ကြ။ စိတ် နှလုံး မ တည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင် တတ်ကြ၏။ လောဘ လွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန် တော်မူခြင်း၏ သား ဖြစ်ကြ၏။