တဖန် ထာဝရဘုရား သည် မောရှေ ကို မိန့်တော်မူပြန်သည်ကား၊ အာရုန် အား သင် ၏လှံတံ ကိုယူ ၍ အဲဂုတ္တု ပြည်၌ရှိသောချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေ၊ ကန် ရေ၊ တွင်းရေ ရှိသမျှအပေါ် မှာ လက် ကိုဆန့် လော့။ ထို ရေ ရှိသမျှ တို့သည် အသွေး ဖြစ် လိမ့်မည်။ အဲဂုတ္တု ပြည် တရှောက်လုံး ၊ သစ် ခွက်၊ ကျောက် အိုး၌ မျှ မကြွင်း အသွေး ရှိ လိမ့်မည်အကြောင်းကို ပြော လော့ဟု မိန့် တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 2:11
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ဘုန်းကြီး သော နာမ တော်သည်လည်း အစဉ် အမြဲမင်္ဂလာ ရှိတော်မူစေသတည်း။ မြေကြီး တပြင်လုံး သည် ဘုန်း တော်နှင့်ပြည့်စုံ ပါစေသတည်း။ အာမင် နှင့် အာမင်။
သွား လော့။ ဝမ်းမြောက် သောစိတ်နှင့် အစာစား လော့။ ရွှင်လန်း သောစိတ် နှင့် စပျစ်ရည် ကို သောက် လော့။ သင် ပြုသောအမှု တို့ကို ဘုရား သခင်ဝန်ခံ တော်မူ၏။
ငါ ၏နာမ တော်ကို ချီးမွမ်း လိုသောငှါ သင်တို့သည် နား မ ထောင်၊ နှလုံး မ သွင်း ဘဲနေလျှင် ၊ ကျိန် ခြင်းဘေးကို သင် တို့အပေါ် သို့ ငါလွှတ် လိုက်မည်။ သင် တို့၏ မင်္ဂလာ ကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက ၊ နှလုံး မ သွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။
အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
ပသခါ ပွဲ အတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ ၍ ၊ ပြ တော်မူသော နိမိတ် လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင် ရသဖြင့် ကိုယ်တော် ကို ယုံကြည် ခြင်းသို့ ရောက်ကြ၏။
ရေ ကိုစပျစ်ရည် ဖြစ် စေသောအရပ် ၊ ဂါလိလဲ ပြည်ကာန မြို့သို့ တစ်ဖန် ကြွ တော်မူ၏။ ကပေရနောင် မြို့၌ အမတ် တစ် ယောက်၏သား သည် အနာ ရောဂါစွဲလျက်ရှိ ၏။
အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။
ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။
ထို အရပ်၌ ငါမ ရှိ သည်ကိုထောက်၍ သင် တို့အတွက် ငါဝမ်းမြောက် ခြင်းရှိ၏။ သူ့ ဆီသို့ ငါတို့သွား ကြ ကုန်အံ့ ဟု အတည့်အလင်း မိန့် တော်မူ၏။
ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။
သင်တို့သည် ငါ ၏နာမ ကိုအမှီပြု လျက် ဆုတောင်း သမျှ အတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော် သည် သား တော်အားဖြင့် ဘုန်း ထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။
ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊
ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။