ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 4:16
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။
ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။
ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။
ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။