ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 4:20
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
သင် တို့သည် ငါ့ ကိုရွေးကောက် ကြသည်မ ဟုတ်။ ငါ သည် သင် တို့ကို ရွေးကောက် သဖြင့်၊ သင် တို့သည် သွား ၍ တည်ကြည် သောအသီး ကိုသီး မည်အကြောင်း နှင့် ငါ့ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာတောင်း သမျှ တို့ကို ရ မည်အကြောင်း သင် တို့ကို ငါခန့်ထား ၏။
ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သော အကျင့် အမျိုးမျိုး တည်းဟူသောအသီးကိုသီး ခြင်း၊ ဘုရားသခင် ကိုသိသော ဉာဏ် တိုးပွား ခြင်း ရှိသဖြင့် ၎င်း၊ ဝမ်းမြောက် သောစိတ်နှင့် အရာရာ ၌ သည်းခံ ခြင်း၊ စိတ်ရှည် ခြင်းအလိုငှာ၊ ဘုန်းကြီး သော တန်ခိုး တော်အတိုင်း ခွန်အား နှင့် ပြည့်စုံ သဖြင့်၎င်း၊
အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။