သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။