ကိုယ်တော်သည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ၊ ကောင်းကင် သို့ မျှော်ကြည့် လျက် ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် ကိုဖဲ့ ၍ လူ များတို့ရှေ့ ၌ထည့်စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူ၏။ ငါး နှစ် ကောင်ကို လည်း လူအပေါင်း တို့အား ဝေငှ တော်မူ၏။