TSK

TSK · ရာဇဝင်ချုပ်ပဌမစောင်။ 21:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သုံး နှစ် ပတ်လုံးအစာ အာဟာရခေါင်းပါးသော ဘေး၊ သုံး လ ပတ်လုံးသင့် ကို ရန်သူ လိုက်မှီ ၍ ထား ဖြင့် လုပ်ကြံ သောဘေး၊ သုံး ရက် ပတ်လုံးပြည် တော် ၌ ကာလနာ တည်းဟူသောထာဝရဘုရား ၏ ထား တော် ကို၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ကိုင်၍ ဣသရေလ ပြည် တရှောက်လုံး ကို ဖျက်ဆီး သော ဘေးတို့တွင် တပါးပါးကိုရွေး လော့ဟု မိန့်တော်မူသည် ဖြစ်၍ ၊ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အဘယ်သို့ ပြန် လျှောက်ရမည်ကို ဆင်ခြင် တော်မူပါဟု လျှောက် လေ၏။

အရောန သည်စပါး ကိုနယ် စဉ်တွင်၊ လှည့်ကြည့် ၍ ရှင် ဘုရင်ကို မြင် သောအခါ ၊ သား လေး ယောက်နှင့်တကွ ပုန်းရှောင် ၍နေ၏။

အို ထာဝရဘုရား ၏ ထား တော်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးမ ငြိမ် ဘဲနေမည်နည်း။ ကိုယ် အိမ် ၌ ဝင် ၍နေလော့။ နေရာကျ ၍ ငြိမ်ဝပ် စွာနေလော့။

ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။

ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။