မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
TSK
TSK · တမန်တော်ဝတ္ထု။ 13:47
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လက်ထက် တော်၌ လ သည်ပပျောက်ခြင်းသို့ မ ရောက်မှီတိုင်အောင် ၊ တရား သောသူသည် ပွင့်လန်း ၍ ချမ်းသာ များ ပြား လိမ့်မည်။
ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
¶ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို ရည်ဆောင် ၍၊ အာမုတ် ၏သား ဟေရှာယ ခံ ရသော ဗျာဒိတ် တော်အချက် ဟူမူကား၊
¶ ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
အရင် ဟောသော အရာတို့သည် ဖြစ် ကြပြီ။ အသစ် သော အရာတို့ကို ယခု ငါ ဟော ၏။ မ ပေါ် လာမှီ သင် တို့အား ငါပြ နှင့်၏။
သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
အကျွန်ုပ် အစွမ်း သတ္တိ၊ အကျွန်ုပ် ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူသောထာဝရဘုရား ၊ တပါးအမျိုးသား တို့က၊ အကယ်စင်စစ်အကျွန်ုပ် တို့ ဘိုးဘေး တို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာတို့ ကို အမွေခံ ကြပါပြီဟု၊ မြေကြီး စွန်း မှ ကိုယ်တော်ထံသို့လာ ၍ လျှောက် ကြပါလိမ့်မည်။
ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။
ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို မ ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။
ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။
နေ ထွက် ရာအရပ်မှ သည် နေဝင် ရာအရပ်တိုင်အောင် တပါးအမျိုးသား တို့တွင် ငါ ၏နာမ တော်သည် ကြီးမြတ် ရလိမ့်မည်။ ခပ်သိမ်း သော အရပ် တို့၌ နံ့သာ ပေါင်း ကို ငါ ၏နာမ တော်အား မီးရှို့၍ ၊ သန့်ရှင်း သော ပူဇော် သက္ကာကို ဆက်ကပ် ရကြလိမ့်မည်။ ငါ ၏နာမ တော်သည် တပါးအမျိုးသား တို့တွင် ကြီးမြတ် ရလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ သို့ သွား ၍၊ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟော ကြလော့။”
ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။
သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။
လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
ယခု တိုင်အောင် ရှိနေရပါ၏။ ခရစ်တော် သည် အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေ ခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့အား အလင်း ကိုပေး မည်ဟူ၍၎င်း၊ မောရှေ မှစသောပရောဖက် များတို့ ဟောပြော သောစကားထက် အကျွန်ုပ်သည် မ လွန် ဘဲ၊ လူအကြီး အငယ် တို့အား သက်သေခံ ၍ နေ ပါသည်ဟု လျှောက်လေ၏။