-
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုမျှမက ရှင် ဘုရင်အပေါင်း တို့သည် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် အမှုတော် ကို ထမ်းကြလိမ့်မည်။
သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
¶ ထာဝရဘုရား က၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင် ရာ ၊ ငါမ ချ ထားမှီတိုင်အောင်၊ ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူ၏။
အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကာလ အစဉ်အမြဲ ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူ လတံ့ သတည်း။ ဟာလေလုယ။
ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။
သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေ တို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေ ကာလ၌ ကောက်နယ် တလင်း အမုန့် ကဲ့သို့ ဖြစ် သဖြင့်၊ လေ တိုက် လွှင့်၍ သူ တို့နေရာ မ ရှိ ၊ ပျောက်လေ၏။ ရုပ်တု ကို ထိခိုက် သော ကျောက် မူကား၊ တိုးပွားသဖြင့် တောင် ကြီး ဖြစ်၍၊ မြေကြီး တပြင်လုံး ကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။
ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။
ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။
ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
ငါ့ ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ် တော်မူပြီ။ သား တော်ကား အဘယ်သူ ဖြစ် သည်ကို ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ခမည်းတော် ကားအဘယ်သူ ဖြစ် တော်မူသည်ကို၊ သား တော်နှင့် သား တော်သည် လင်း စေလို သောသူ မှတစ်ပါး အဘယ်သူ မျှမသိ ဟု မိန့် တော်မူ၏။
ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။
လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။
ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
ထိုကြောင့် ၊ ငါတို့သည်မ လှုပ်နိုင်သောနိုင်ငံ ကိုရ သည်ဖြစ်၍၊ ခန့်ညား ကြောက်ရွံ့ သောသဘောနှင့် ဘုရားသခင် ကို လျောက်ပတ် စွာ ဝတ်ပြု နိုင်မည်အကြောင်း ၊ ကျေးဇူး တော်ကို စွဲလမ်း ကြကုန်အံ့
ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။
ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။