ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။
အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား သည်ပေါ်လာ ရလိမ့်မည်။
ကောင်းကင် ၌ အခြား သော နိမိတ် လက္ခဏာပေါ်လာ သည်ကား ၊ အဆင်းနီ သော နဂါး ကြီး သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ခေါင်း ပေါ်၌ သရဖူ ခုနစ် ဆူကို ဆောင်းလျက်ရှိ ၏။
လောကီ ရှင်ဘုရင် တို့သည် မတရား သော မေထုန်ကို သူ နှင့် ပြုကြပြီ။ မြေကြီး သား တို့သည် သူ ၏ မတရား သောမေထုန်၏ စပျစ်ရည် နှင့် ယစ်မူး ကြပြီဟု ပြောဆို လျက်၊
ယခုမြင် ၍ ပြည်တန်ဆာ ထိုင် သော ရေ ကား ၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ် သတည်း။