TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုသို့ ထွန်းတောက် သော အရောင် သည် မိုဃ်းရွာ သောနေ့ တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင် ကဲ့သို့ ဖြစ် ၏။ ဤ ရွေ့ကား၊ ထာဝရဘုရား ၏ ဘုန်း တော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။

ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။

သင် သည် ဆုတောင်း စ ပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍၊ သင့်အားကြားပြော ခြင်းငှါ ငါ ရောက် လာပြီ။ သင် သည် အလွန် ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ၊ ဗျာဒိတ် တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသောအခွင့်ရှိ၏။

ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။

ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။

အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။

သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။

ထိုရူပါရုံ သည် ချိန်းချက် သော အချိန်နှင့်ဆိုင်၍ အမှုကုန် ရသောကာလကို ဆိုလို ၏။ မုသာ နှင့် ကင်းလွတ် ၏။ ဆိုင်း သော်လည်း မြော်လင့် လော့။ နောက် မ ကျဘဲ ဧကန်အမှန် ရောက် လိမ့်မည်။

ကောင်းကင်တမန်ကလည်း ၊ သိုးသူငယ် ၏ မင်္ဂလာဆောင် ပွဲ သို့ ခေါ်ဘိတ် ခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟူ၍၎င်း၊ ဤ စကား သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စင်စစ် ဖြစ် ၏ဟူ၍၎င်း ငါ့ အားပြောဆို ၏။