TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:18

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။

အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ

အိုထာဝရဘုရား ၊ ရှေး ကာလမှစ၍ ၊ ပြတော်မူသောကရုဏာ နှင့် မေတ္တာ သဘောကို အောက်မေ့ တော်မူ ပါ။

အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကို ဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ ၍၊ ပြောစေ သော စကား အလုံးစုံ တို့ကို မှတ် တော်မူပါ။

ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။

အကျွန်ုပ် တို့ရှိသမျှ သည် စင်ကြယ် ခြင်းမရှိပါ။ ပြုဘူးသမျှ သောကုသိုလ် ကောင်းမှုတို့သည် ညစ်သော အဝတ် နှင့်တူ ကြပါ၏။ အကျွန်ုပ် တို့ ရှိသမျှ သည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်း လျက် ရှိ၍၊ ကိုယ် အပြစ် တို့သည် လေ ကဲ့သို့ အကျွန်ုပ် တို့ကို တိုက် သွားပါပြီ။

ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ၍ ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။

အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။

ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။

သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။

သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။

ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။