TSK

TSK · တရားဟောရာကျမ်း 11:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။

ငါ ပေး ထားသော ပညတ် တရား တော်ရှိသမျှ တို့ ကို တသက်လုံး စောင့်ရှောက် မည်အကြောင်း နှင့် သင် တို့၏ အသက်တာ ရှည် စေမည်အကြောင်း ၊ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် ၌ ကျင့် ဘို့ရာ သင် တို့အား ငါသွန်သင် စိမ့်သောငှာ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊

နေ နှင့် လ တည် သမျှသောကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော် ကို ကြောက်ရွံ ကြပါလိမ့်မည်။

သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊

သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။

အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့် အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။

ပဌမ ထမြောက် ခြင်းကို ဝင်စားသောသူ သည် မင်္ဂလာ ရှိသောသူ၊ သန့်ရှင်း သောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယ သေခြင်း ၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်၊ ခရစ်တော် ၏ ယဇ်ပုရောဟိတ်ဖြစ် ၍အနှစ် တစ်ထောင် ပတ်လုံးခရစ်တော် နှင့်အတူ စိုးစံ ရကြလိမ့်မည်။