TSK

TSK · ကမ္ဘာဦးကျမ်း 13:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။

တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။

အိုထာဝရဘုရား ၊ အိမ် တော်သည် အိမ် တော် တည်ရာကို၎င်း ၊ ဘုန်း တော်ထင်ရှားသော အရပ် ဌာန ကို ၎င်း အကျွန်ုပ်နှစ်သက် ပါ၏။

¶ အို ဘုရား သခင်၊ ဇိအုန် မြို့၌ ကိုယ်တော် ရှေ့ မှာ ငြိမ်ဝပ် စွာ နေ၍ ချီးမွမ်း ရပါ၏။ ကိုယ်တော် အား လည်း သစ္စာ ဝတ်ကို ဖြေ ရပါ၏။

တန်တိုင်း တော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသောအရက်တထောင် ထက် သာ၍ကောင်း ပါ၏။ မ တရားသောသူ ၏နေရာ ၌ နေ ရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော် ၌ တံခါး စောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက် ပါ၏။

လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သော အမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။

ငါ့ ဘက်သို့ နား တော်ကိုလှည့် တော်မူသောကြောင့် ၊ ငါနှစ်သက် ၏။ ငါ အသက် ရှည်သမျှ ကာလ ပတ်လုံး၊ ထာဝရဘုရားကို ပဌနာ ပြုမည်။

ထာဝရဘုရား သည် ပဌနာ ပြုသောသူအပေါင်း ၊ သစ္စာ နှင့်တကွ ပဌနာပြု သော သူ အပေါင်း တို့၏ အနီး အပါးရှိတော်မူ၏။

တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။

ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။