မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
TSK
TSK · ရှင်ယာကုပ်ဩဝါဒစာ။ 3:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။
သစ္စာ တရား ၊ နူးညံ့ ခြင်းတရား၊ ဖြောင့်မတ် ခြင်း တရားကြောင့် ၊ အသရေ တော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီး သွားတော်မူပါ။ လက်ျာ လက်တော်လည်း ကြောက်မက် ဘွယ်သောအရာကို ကိုယ်တော် အားပြ ပါလိမ့်မည်။
သင် ၌ ငြိမ်ဝပ် ခြင်းရှိပါစေသောဟု ငါ သည် ညီအစ် ကိုအတွက် ၊ အဆွေ ခင်ပွန်းတို့အတွက် ပြော ဆို ပါမည်။
¶ အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။
ထိုသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း၌ မွေ့လျော် သည်ဖြစ်၍ ၊ မိမိ မျက်စိ မြင် သည်အတိုင်း တရား မ စီရင်၊ မိမိ နား ကြား သည်အတိုင်း မ ဆုံးဖြတ် ဘဲ၊
ကုလားအုပ် များနှင့် မိဒျန် ပြည်၊ ဧဖာ ပြည်မှ ဖြစ်သော ကုလားအုပ် မျိုးတို့သည် သင့်ကို နှံ့ပြား ကြ လိမ့်မည်။ ရှေဘ ပြည်သား အပေါင်း တို့သည် လာ ကြလိမ့်မည်။ ရွှေ နှင့် လောဗန် ကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်း ကြလိမ့်မည်။
ဤ အမှုကိုနားလည် နိုင်သော ပညာရှိ ကား၊ အဘယ်သူ နည်း။ ထာဝရဘုရား ၏ နှုတ် တော်ထွက် ကိုခံ၍၊ ဤအမှု၏အကြောင်း ကို ပြော နိုင်သော သူ ကား၊ အဘယ် သူနည်း။ အဘယ်သူမျှရှောက် ၍မသွားနိုင်အောင်၊ တပြည် လုံးသည် တော ကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီး သနည်း။
ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။
ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
ထိုသို့ဆိုသော် ၊ သင် တို့ရှက် စေခြင်းငှာပြောဆို ၏။ သင် တို့တွင် ပညာရှိ တစ်စုံတစ်ယောက်မျှ မ ရှိ သလော။ ညီအစ်ကို ချင်းတို့၏ အမှုကို စီရင် ဆုံးဖြတ်နိုင် သောသူ တစ်စုံတစ်ယောက်မျှမရှိသလော။
¶ သင် တို့၏မျက်မှောက် ၌ နှိမ့်ချ ခြင်း၊ မျက်ကွယ် ၌ သင် တို့ အမှုကိုစီရင်၍ ရဲရင့် ခြင်းရှိသော ငါ ပေါလု သည်၊ ခရစ်တော် ၏နူးညံ့ သိမ်မွေ့ဖြည်းညှင်း တော်မူခြင်းကို အကြောင်းပြ၍ သင် တို့ကိုတောင်းပန် ပါ၏။
¶ ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
အရာရာ ၌ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာ စိတ်နှင့် တစ်ယောက် ကို တစ်ယောက်သည်းခံ ခြင်းရှိကြ၍ ၊
ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်း သောသူ၊ ချစ် အပ်သောသူ ကဲ့သို့ ၊ သနားစုံမက် ခြင်း၊ ကျေးဇူး ပြုခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။။
သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။
အဘယ်သူ ကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညှင်း သော သဘောရှိ၍၊ ခပ်သိမ်း သောသူ တို့၌ အလွန်နူးညံ့ သိမ်မွေ့စွာ ပြု စေခြင်းငှာ၎င်း သတိပေး လော့။
ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။
¶ ငါ့ ညီအစ်ကို တို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြော စီရင်ခြင်းကိုခံရ မည်ဟု သင်တို့သိ ၍ အများ သောဆရာ မ ဖြစ် ကြနှင့်။
သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။
¶ အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမ တို့၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။