TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 2:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော်ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီ မှစ၍ ၊ သိုး ၊ နွား တွင် အဦး ဘွားသော သားငယ်ဆယ်ဘို့ တဘို့ကို ရှေ့ တော်မှာ စား ရကြမည်။ ထိုသို့ ပြုလျှင်၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို အစဉ် ကြောက်ရွံ့ ရမည်အကြောင်း ၊ သင်ရကြလိမ့်မည်။

ယေရှု သည် ဘုရားသခင်၏ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ အပေါင်း တို့ကို နှင်ထုတ် ၍ ၊ ငွေ လဲသောသူတို့၏ခုံ များကို၎င်း ၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင် နေရာကို၎င်း တွန်းလှဲ တော်မူလျက် ၊

ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာ သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား” ဟူ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။