TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:30

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။

အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။

¶ ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။

အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။

¶ ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။

အကျွန်ုပ် သည် မြေကြီး ပေါ်မှာ ကိုယ်တော် ကို ဘုန်း ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့ အကျွန်ုပ် အပ်ပေး တော်မူသောအမှု ကို အကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။

ဘုရားသခင် သည် ထိုသို့ ပြု သောသူ တို့ကို စီရင် တော်မူခြင်းအရာ သည် သမ္မာတရား နှင့် ညီသည် ကို ငါတို့သိ ကြ၏။

အကြောင်းမူကား ၊ ခရစ်တော် သည်ကိုယ် အလို သို့မ လိုက်။ ကျမ်းစာ လာသည်အတိုင်း ကဲ့ရဲ့ ခြင်းကို ခံရတော်မူ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သော သူ တို့၏စကားသည် အကျွန်ုပ် အပေါ်သို့ ရောက် ပါ၏ဟု ကျမ်းစာလာ သတည်း။