မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် ၊ မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။
TSK
TSK · တရားသူကြီးမှတ်စာ 21:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား ၍ သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။
ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။