TSK

TSK · ရှင်မာကုခရစ်ဝင်။ 12:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ယေဇဗေလ သည် ထာဝရဘုရား ၏ ပရောဖက် တို့ကိုသတ် သောအခါ ၊ အကျွန်ုပ်ပြု သော အမှုတည်းဟူသောထာဝရဘုရား ၏ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် ၊ မုန့် နှင့် ရေ ကိုပေး၍ ကျွေး ကြောင်းကို အကျွန်ုပ် သခင် ကြား တော်မ မူသလော။

¶ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊

ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။

ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊

ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။

ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။

မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။

ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊

အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက် တို့ဖြင့် အကျွန်ုပ် တို့၌ ထား တော်မူ သော ပညတ် တရားတော်လမ်းသို့ လိုက် ခြင်းငှါ ၊ ဗျာဒိတ် တော်အသံ ကို အကျွန်ုပ်တို့သည်နား မ ထောင်ဘဲ နေကြ ပါပြီ။

ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။

သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။

သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။

အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏