TSK

TSK · ရှင်မာကုခရစ်ဝင်။ 12:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။

နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။

ထိုသူ သည် ညှဉ်းဆဲ ခြင်းနှင့် နှိမ့်ချ ခြင်းကိုခံ ၍ နှုတ် ကို မ ဖွင့် ဘဲနေ၏။ အသေသတ် ခြင်းငှါ ဆောင်သွားသော သိုးသငယ် ကဲ့သို့ သူ့ကို ဆောင် သွား၍ ၊ သိုး သည် အမွေးညှပ် သောသူရှေ့ မှာ မ မြည်ဘဲနေသကဲ့သို့ ၊ သူ သည် နှုတ် ကို မ ဖွင့် ဘဲ နေ၏။

ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။

ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ များသည်လွှတ် အရာရှိတို့ကို စည်းဝေး စေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ ပြု လျက်နေကြသနည်း။ ထို သူ သည်များစွာ သော နိမိတ် လက္ခဏာကိုပြ ၏။

ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။

ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။