TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:38

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ မွန်းတည့် အချိန်၌ ဧလိယ က၊ ကျယ် သောအသံ နှင့် ဟစ် ကြလော့။ ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင် လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက် ၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွား တော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုး ရမည်ဟု ပြက်ယယ် ပြု၍ဆို၏။

¶ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။

အိုဘုရား ရှင်၊ နိုး တော်မူပါ။ အဘယ်ကြောင့် ကျိန်းစက် တော်မူသနည်း။ ထ တော်မူပါ။ အကျွန်ုပ်တို့ကို အစဉ် စွန့်ပစ် တော်မ မူပါနှင့်။

အိုယာကုပ် အမျိုး၊ သင် သွားသော လမ်း ကို ထာဝရဘုရား သိ တော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလ အမျိုး၊ သင့် အမှု ကို သင် ၏ဘုရား သခင် မှတ် တော်မမူဟု၊ အဘယ်ကြောင့် ဆို ရသနည်း။

အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။

ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။

တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ ၍ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာ လေ၏။

ထိုကြောင့် ၊ ခရစ်တော်သည် လူ တို့၏ အပြစ် ဖြေစရာအကြောင်း ကို စီရင်၍၊ ဘုရားသခင် နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာ နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီးဖြစ် အံ့သောငှာ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံး တူ ရသော အကြောင်း ရှိ၏

သင် တို့ကိုသတိ နှင့်ကြည့်ရှုတော်မူသောကြောင့် ၊ သင် တို့၌ စိုးရိမ် ခြင်းအမှုရှိသမျှ တို့ကို ကိုယ်တော် ၌ အပ်နှံ ကြလော့။