ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 6:41
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တပည့် တော်တို့သည်လည်းလူ အပေါင်းတို့အား ပေးကြ၏။ လူအပေါင်း တို့သည်စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ တင်းဆယ့်နှစ် တောင်း အပြည့် ရကြ၏။
¶ ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။
ထိုအခါ “လူ အစုအဝေးကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ မုန့် ခုနစ် လုံးကိုလည်း ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ လူများတို့ရှေ့၌ ထည့် စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူသည် အတိုင်း သူတို့သည် ထည့် ကြ၏။
ယေရှုသည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ကောင်းကင် သို့ ကြည့်မျှော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူ များရှေ့၌ ထည့် စေခြင်းငှာတပည့် တော်တို့အားပေး တော်မူ၏။
ယေရှု သည်မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှ တော်မူ၍၊ တပည့် တော်တို့သည် လျောင်း သောသူ တို့အားဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကိုလူများလိုချင် သမျှ ဝေငှကြ၏။
ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက် ကိုရွှေ့ ကြ၏။ ယေရှု သည်လည်း အထက် သို့မျှော်ကြည့်လျက်၊ အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် စကားကို နားထောင် တော်မူသောကြောင့် ကျေးဇူး တော်ကြီးလှပါ၏။
သင် တို့ဆံခြည် တစ်ပင်မျှ မ ပျက်စီး ရဟုဆို ပြီးလျှင်၊ ပေါလုသည် မုန့် ကိုယူ ၍ ထိုသူများရှေ့ ၌ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ စား လေ၏။
သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။
ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။