TSK

TSK · ရှင်မာကုခရစ်ဝင်။ 8:36

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။

ထိုသူ သည်သေ သောအခါ ၊ အဘယ် ဥစ္စာမျှ မ ပါ ရ။ သူ ၏ဂုဏ် အသရေသည် သူ့ နောက် သို့ မ ဆင်းသက် ရ။

ထာဝရဘုရား ၏အမှု ကို ဆောင်ရွက်သော်လည်း အကျိုး မရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ရှေ့ မှာ ညှိုးငယ် စွာ ကျင့်ကြံ ပြုမူခြင်းအားဖြင့် အဘယ် ကျေးဇူး ရှိသနည်း။

လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။

ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။

ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။

မောရှေ သည် အသက်အရွယ်ကြီး သောအခါအပြစ် ရှိသော ကာမဂုဏ် ကို ခဏ ခံစား ခြင်းထက် ၊ ဘုရားသခင် ၏လူ တို့နှင့်အတူညှဉ်းဆဲ ခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊

သူ သည် အကျိုးအပြစ်ကို ဆပ်ပေး သည်နည်းတူ သူ ၌ ဆပ်ပေး ကြလော့။ သူ ၏အကျင့် အတိုင်း နှစ်ဆ ထပ်၍ စီရင် ကြလော့။ သူ လောင်း သော ဖလား ၌ သူ့ အဘို့ နှစ်ဆ တိုး၍ လောင်း ကြလော့။