TSK

TSK · တောလည်ရာကျမ်း 13:32

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။

ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။

နောက် တဖန်ဂါသ မြို့မှာ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက် ချောင်းစီ၊ ပေါင်းနှစ်ဆယ် လေး ချောင်းရှိသောရေဖိမ် အမျိုးသားတယောက်သည်၊

သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။

အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။

လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။