အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
TSK
TSK · ဆာလံကျမ်း 21:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ၊ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုး ပါစေသတည်း။
ဖြောင့်မတ် သောသူသည် ထိုသို့သောဒဏ် ပေး ခြင်းကို မြင် ၍ ဝမ်းမြောက် ပါလိမ့်မည်။
ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍
အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
မီး နှင့်ရော သော ဖန် ရေကန် ကဲ့သို့ ရှိသည်ကိုလည်း မြင် ရ၏။ သားရဲ နှင့်၎င်း၊ သူ ၏ရုပ်တု နှင့်၎င်း၊ သူ ၏နာမ အရေအတွက် နှင့်၎င်း၊ လွတ်၍ အောင်မြင် သော သူ တို့သည်၊ ဘုရားသခင် ၏ စောင်း တော်တို့ကို ကိုင် လျက်၊ ဖန် ရေကန် နား မှာ ရပ် နေကြသည်ကို မြင်ရ၏။
ကောင်းကင် မှစ၍ သန့်ရှင်း သူ တမန်တော် ပရောဖက် တို့၊ သူ ကို ကြည့်ရှု၍ ဝမ်းမြောက် ကြလော့။ ဘုရားသခင် သည် သင် တို့ဘက်၌ နေ၍၊ သူ့ ကို တရား စီရင် တော်မူပြီဟုပြောဆိုသည်ကို ငါကြား၏။