TSK

TSK · တမန်တော်ဝတ္ထု။ 13:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။

ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊

ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊

¶ တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။

ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။

ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။

¶ ခမည်းတော် ပြုသောဒုစရိုက် ကို ပြု မြဲပြု၍ ၊ ဘေး တော်ဒါဝိဒ် ကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးစုံလင် သည်မ ဟုတ်။

ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ငါ့ အဆွေအမျိုး များထဲက ငါ့ ကိုရွေးကောက် ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ အမြဲ ချီးမြှောက်တော်မူ၏။ ယုဒ အမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကိုပေး တော်မူ၏။ ယုဒ အမျိုး တွင် ငါ့ အဘ ၏ အိမ်ထောင် ကို၎င်း ၊ ငါ့ အဘ ၏သား တို့တွင် ငါ့ ကို၎င်း၊ နှစ်သက် ၍ဣသရေလ နိုင်ငံလုံး ကို စိုးစံ ရသောအခွင့်ကိုပေး တော်မူ၏။

ကျွန်တော်မျိုး ဒါဝိဒ် ကို သိုး ခြံ များထဲက ရွေး ယူ တော်မူ၏။

ငါ ၏ကျွန် ဒါဝိဒ် ၌ ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။

သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။

ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၍ ၊ နောင် ကာလ ၌ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။

ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။

အာဗေလ သည်၊ ကာဣန ပူဇော် သော ယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင် အားပူဇော် ၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ် သည်ဟု သက်သေခံ တော်မူခြင်းကို ရ လေ၏။ အဘယ်သို့နည်းဟူမူကား၊ သူ လှူသောအလှူ ကို ဘုရားသခင် သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေ လွန်သော်လည်း ယခုပင်တရားဟော သေး ၏