များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 16:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကျမ်းစာ ကိုလိပ် ၍ စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ၌ ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။
နံနက် စောစောဗိမာန် တော်သို့ တစ်ဖန် ကြွ တော်မူ၍ လူ အပေါင်း တို့သည် အထံ တော်သို့ လာ ကြ၏။ ထိုအခါ ထိုင် တော်မူ၍ ဆုံးမ ဩဝါဒပေးစဉ်တွင်၊
လူများတို့သည် တရားစရပ်မှ ထွက်သွား ကြစဉ်၊ ထို အကြောင်း အရာတို့ကို မိမိ တို့အား နောက် ဥပုသ်နေ့ ၌ ဟောပြော ပါမည်အကြောင်း တောင်းပန် ကြ၏။
ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။