TSK

TSK · တမန်တော်ဝတ္ထု။ 16:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဲဂုတ္တု ပြည်၌ ဆည်းဖူး သောဥစ္စာ၊ ကုရှ ပြည်သား၊ အရပ် မြင့် သော သေဘ အမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာ သည် သင့် ဘက် သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ် ရလိမ့်မည်။ ထိုသူတို့သည် သင့် နောက် သို့ လိုက် ၍ သံကြိုး နှင့် ချည်နှောင် လျက် လမ်း၌ ရှောက် သွားကြလိမ့်မည်။ သင့် ရှေ့ မှာပြပ်ဝပ် ၍၊ အကယ် စင်စစ်ကိုယ်တော် ၌ ဘုရား သခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြား သော ဘုရား သခင်မည်မျှမ ရှိပါဟူ၍ တောင်းပန် ကြလိမ့်မည်။

သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။

ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။

တစ်မြို့လုံး လည်း ယေရှု ကိုတွေ့ အံ့သောငှာ ထွက်လာ ကြ၏။ ကိုယ်တော် ကိုတွေ့မြင် လျှင် မိမိ တို့ ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။

ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။