TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။

လူ တို့သည်ကြီးစွာ သော အိပ်ပျော်ခြင်းသို့ရောက်၍ ၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊

ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။

ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။

ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ ၍ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊