အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။
ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သောရုပ်တု များကို၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ရှင်းရှင်းဖျက်ဆီး ကြ၏။
သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
အဲဂုတ္တု ဘုရား အိမ် တို့ကို ငါမီး ရှို့ မည်။ သူသည် လည်း၊ ထိုဘုရား တို့ကိုမီးရှို့ ၍ သိမ်း သွားချုပ်ထားလိမ့်မည် ။ သိုးထိန်း သည် မိမိ အဝတ် ကို ဝတ် သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တု ပြည် ကိုဝတ် ၍ ငြိမ်ဝပ် စွာ ထွက် သွားလိမ့်မည်။
ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။
ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား မ ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။