¶ ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ ၊ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 5:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊
သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။
ထိုသို့ အလိုငှာ ငါသည် အမှုဆောင်ရွက် ၍၊ ငါ ၌ တန်ခိုး တော် ပြုပြင်အားထုတ် တော်မူသည်အတိုင်း ကြိုးစား အားထုတ်လေ့ရှိ၏။