ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 5:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။
ဒါဝိဒ် ကလည်း ၊ ထိုဖိလိတ္တိ လူကို သတ် ၍ ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း ၊ အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်၊
သင်သည် ဧဒုံ ပြည်ကို လုပ်ကြံ သောကြောင့် စိတ် မြင့် လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါအဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကိုပြန်၍ မှာလိုက်လေ၏
ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။
မျက်နှာ တော်ကို လွှဲ တော်မူလျှင်၊ သူတို့သည် ပင်ပန်း ကြပါ၏။ သူ တို့အသက် ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ ၍ မိမိ တို့မြေမှုန့် ထဲ သို့ ပြန် သွားကြပါ၏။
ကောင်းကင် ကား၊ ထာဝရဘုရား ၏ ကောင်းကင် ဖြစ်၏။ မြေကြီး ကိုကား လူသား တို့အား ပေး တော်မူပြီ။
အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ ၊ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
သင်သည် အဘယ်သူ ကို ကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြုပါ သည်တကား။
ရွှေ ကို အိတ် ထဲက များစွာထုတ် လျက် ၊ ငွေ ကို လည်း ချိန်ခွင် နှင့် ချိန် လျက်၊ ပန်းတိန် သမားကို ငှါး ၍ ဘုရား ကို လုပ် စေပြီးမှ၊ ပြပ်ဝပ် ကိုးကွယ် ကြသည်တကား။
ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။
အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။
မာန နှင့်ယစ်မူးလျက်၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင် လူသစ် မ ဖြစ်ရ။
ထိုသားရဲ ၌ အာဏာစက် ကို အပ်ပေး သော နဂါး ကို ကိုးကွယ် ကြ၏။ သားရဲ ကိုလည်း ကိုးကွယ် ၍၊ အဘယ်သူ သည် သားရဲ နှင့်တူ သနည်း။ အဘယ်သူ သည်သူ့ ကိုစစ် ပြိုင်နိုင် သနည်းဟု ပြောဆို ကြ၏။