ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 6:16
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖြောင့်မတ် သောသူတို့၏ ကယ်တင် ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေး ရောက်သည်ကာလ ၌ သူ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
ဇေဒကိ မင်းကြီး က၊ သူ သည် သင် တို့လက် ၌ ရှိ၏။ ရှင် ဘုရင်သည် သင်တို့အလို ကို မ ဆီးတား နိုင်ဟု မိန့် တော်မူ၏။
သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။
အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။
ထိုမိန်းမငယ် သည်သူ ၏အမိ တိုက်တွန်း သည်အတိုင်း ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို လင်ပန်း ၌ ပေး တော်မူပါဟု တောင်းလျှောက် ၏။
ချက်ခြင်း မိန်းမငယ်သည် မင်းကြီး ထံသို့ အလျင်တဆော ဝင် ၍ ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို ဤလင်ပန်း ၌ အလျင်အမြန် ပေး တော်မူစေခြင်းငှာ ကျွန်မအလိုရှိ ပါသည်ဟု တောင်းလျှောက် ၏။
ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
သို့သော်လည်း၊ ဖေတ္တု မင်းက၊ သင်သည် ယေရုရှလင် မြို့သို့ သွား ၍၊ ငါ့ ရှေ့မှာဤအမှု စီရင် ခြင်းကို ခံ မည်လောဟု ယုဒ လူတို့ကို ကျေးဇူး ပြု လို သော စိတ်ရှိလျက် ပေါလု အားမေး ၏။
အဘယ်ကြောင့် နည်းဟူမူကား၊ ငါ့ ကိုပိုင်တော်မူ၍၊ ငါကိုးကွယ် သော ဘုရားသခင် ၏ ကောင်းကင်တမန် သည် ယနေ့ ညဉ့် တွင် ငါ့ အနားမှာ ပေါ်လာ လျက်၊