TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 6:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။

ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။

တဖန် ဒါဝိဒ်က၊ သခင် သည် ကိုယ်တော် ကျွန် ကို အဘယ်ကြောင့် ဤသို့ လိုက် ၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ ပြု ပါသနည်း။ ကျွန်တော် ၌ အဘယ် အပြစ် ရှိပါသနည်း။

¶ ပရောဖက်သွား ၍ အသေ ကောင်သည် လမ်း ၌ လဲ လျက် ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား ၊ မြည်း ကိုလည်း မ ကိုက်။

¶ ဒါဝိဒ် သည် ဗင်္ယာမိန် အမျိုးသား ကုရှ ၏စကား ကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသံညှိ၍ဆို သော ဆာလံ။1အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ခိုလှုံ ပါ၏။ အကျွန်ုပ် ကို ညှဉ်းဆဲ သော သူအပေါင်း တို့၏လက်မှ အကျွန်ုပ် ကို နှုတ် ယူ၍ ကယ်တင် တော်မူပါ။

ကျေးဇူး တော်ကို ချီးမြှောက် သောအသံ နှင့် မြွက်ဆို၍၊

ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။

ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။

ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။

အမှု ရောက်လေရာရာ ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့ တော်မှ စေလွှတ်သော ကောင်းကင်တမန် သည် ကယ်တင် လျက်၊ မေတ္တာ ကရုဏာ တော်ရှိသည်အတိုင်းရွေးနှုတ် တော်မူ၏။ ရှေး ကာလ ပတ်လုံး သူ တို့ကို ချီ ဆောင် တော်မူ၏။

ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။

ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။

သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။

ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊

ပေါလု ကလည်း၊ အကျွန်ုပ်သည်ယုဒ တရား ကို မ ပြစ်မှား ပါ။ ဗိမာန် တော်ကိုမ ပြစ်မှား ပါ။ ကဲသာ ဘုရင်ကို မ ပြစ်မှား ပါဟူ၍အပြစ် ဖြေရာစကားကိုပြောလေ၏။

ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။

ထိုသူ တို့သည် ယုံကြည် ခြင်းအားဖြင့် အခြားသောတိုင်း နိုင်ငံကိုအောင် ခြင်း၊ တရား သဖြင့် စီရင် ခြင်း၊ ဂတိ တော်ကိုဝင်စား ခြင်း၊ ခြင်္သေ့ နှုတ် ကိုပိတ် ခြင်း၊