ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:19
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ ၌ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။
ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
¶ ကာလ မကြာမမြင့်မှီဖြစ် ရမည် အမှုအရာ များကို ယေရှု ခရစ် သည် မိမိ အစေခံ ကျွန်တို့အား ပြ စေခြင်းငှာ၊ ဘုရားသခင် အပ်ပေး တော်မူသောထို သခင် ၏ ဗျာဒိတ် တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ၊ မိမိ အစေခံ ကျွန်ယောဟန် အား ဗျာဒိတ် တော် အရိပ်ကို ပြတော်မူ၏။
လူမျိုး တို့သည် အမျက်ထွက် ကြသည်ဖြစ်၍ ၊ အမျက် တော်သည်လည်း ရောက် ပါပြီ။ သေ လွန်သော သူ တို့ကို တရား စီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော် ၏ ကျွန် တည်းဟူသောပရောဖက် တို့အား ၎င်း ၊ သန့်ရှင်း သူတို့အား ၎င်း၊ ကိုယ်တော် ကိုကြောက်ရွံ့ ရိုသေသော သူ အကြီး အငယ် တို့အား၎င်း၊ ဆု ကျေးဇူးကို ပေး သနား တော်မူ၍ မြေကြီး ကို ဖျက်ဆီး သော သူ တို့ကို ဖျက်ဆီး တော်မူသောအချိန်ရောက်ပါပြီဟုလျှောက်ဆို ကြ၏။
ယခုမြင် သော ချို ဆယ် ချောင်းနှင့် သားရဲ သည် ပြည်တန်ဆာ ကို မုန်း ၍ သူ၏စည်းစိမ်ကို ဖျက်ဆီး လိမ့်မည်။ သူ ၏အဝတ် တန်ဆာကိုချွတ်၍ သူ ၏အသား ကို ကိုက်စား လိမ့်မည်။