TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။

တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။

သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် ၍ ၊ အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။

ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။

ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။

သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။

အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။

ထာဝရဘုရား သည် ကြံစည် သောအမှု ကို ပြု တော်မူပြီ။ ရှေး ကာလ ၌ မိန့် တော်မူသောစကား တော်ကို ပြည့်စုံ စေတော်မူပြီ။ မ နှမြော ဘဲဖြိုဖျက် တော်မူပြီ။ ရန်သူ သည် သင် ၏အပေါ် မှာဝမ်းမြောက် ရသောအခွင့်ကိုပေး ၍ ၊ ရန်သူ ၏ဦးချို ကို ချီးမြှင့် တော်မူပြီ။

သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။

မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။

ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ၍ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။

ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။

အကြောင်းမူကား ၊ ဘုရားသခင် ဖန်ဆင်း တော်မူ သော ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး ၊ နောက်၌လည်း မ ဖြစ် လတံ့သောဒုက္ခ သည် ထို နေ့ရက် ကာလ၌ ဖြစ် လိမ့်မည်။”

တဖန်ငါ ဆိုသည်ကား ၊ ယေရှုခရစ် သည် ဘုရားသခင် ၏ သစ္စာ တော်ကို ထောက် ၍၊ ဘိုးဘေး များခံရသော ဂတိ တော်တို့ကိုတည် စေခြင်းငှာ ၊