TSK

TSK · တရားဟောရာကျမ်း 10:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။

သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။

သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။

ကိုယ်တော် မူကား ၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်း ရာ၌ ကျိန်းဝပ် လျက် သန့်ရှင်း ခြင်းရှိတော်မူ၏။

¶ အကျွန်ုပ် ချီးမွမ်း သော ဘုရား သခင်၊ တိတ်ဆိတ် စွာနေတော်မ မူပါနှင့်။

နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။

အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။

လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။