TSK

TSK · တရားဟောရာကျမ်း 12:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။

သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။

သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအချိန် ၊ နေဝင်ရာညဦးယံ အချိန်၌ ပသခါ ယဇ် ကို ပူဇော်ရမည်။

သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊

ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ၊ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့၊ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌၊ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။