TSK

TSK · တရားဟောရာကျမ်း 31:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။

တဖန် ယောရှု ကို ခေါ် ၍ ၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဤ လူ တို့အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သင်သည် သူ တို့နှင့်အတူ သွား ၍ အမွေခံ စေရမည်။

အဦး မှစ၍ အဆုံး တိုင်အောင်၎င်း၊ ရှေး ကာလမှ စ၍မ ဖြစ် သေးသော အမှုအရာတို့ကို၎င်းဘော်ပြ လျက် ၊ ငါ့ အကြံ တည် လိမ့်မည်။ ငါ့ အလို ရှိသမျှ ကို ငါပြည့်စုံ စေမည် ဟု ဆို လျက်၊

ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။

အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။

ဘုရားသခင် ပြဌာန်း တော်မူသော အလို တော်အားဖြင့်၎င်း ၊ အနာဂတံသဉာဏ် တော်အားဖြင့် ၎င်း၊ အပ်နှံ ခြင်းကိုခံသော ထို ယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရား သော သူတို့လက် ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက် ၍ ကွပ်မျက် ကြပြီ။