TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 21:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို ကာလ ၌ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊

ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။

ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။

ရှမွေလ ကလည်း ၊ သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ၊ ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။

¶ ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။

ထာဝရဘုရား ၏ ကောင်းကင်တမန် သည် တိရှဘိ မြို့သား ဧလိယ အားလည်း ၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန် တို့ကို ကြိုဆို ခြင်းငှါ ထ သွား လော့။ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။

ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏

တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်း ၊ ရထား သုံး ရာ နှင့်တကွ ချီ လာ၍ ၊ မရေရှ မြို့သို့ ရောက် သောအခါ၊

ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။

ထာဝရဘုရား စီရင် ပြုပြင်၍ မြေကြီး ပေါ် မှာ သုတ်သင် ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ကြည့်ရှု ကြလော့။

စီရင်တော်မူသောအံ့ဩ ဘွယ်တို့ကို၎င်း၊ ထူးဆန်း သော အမှု တော်တို့နှင့် နှုတ်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။

¶ ကြည့်ရှုလော့။ ထာဝရဘုရား သည် မကယ် မတင် နိုင်အောင် လက် တော်တို သည်မ ဟုတ်။ မကြား နိုင်အောင် နား တော်ထိုင်း သည်မ ဟုတ်။

ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။

တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။

တဖန် ဇေဒကိ မင်းကြီး သည် လူကို စေလွှတ် ၍ ၊ ဗိမာန် တော်၌ တတိယ အတွင်း ခန်းထဲသို့ ယေရမိ ကို ခေါ် ပြီးလျှင်၊ သင် ၌ တစုံတခု ကို ငါ မေးမြန်း မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်နှင့်ဟုဆို သော်၊

ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။

ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ ၊

¶ သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။